မြန်မာ့လက်ရွေးစင် လူငယ်တိုက်စစ်မှူး စန်းသော်သော် ဂုဏ်ထူးတစ်ဘာသာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်

Spread the love

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ လူငယ်တိုက်စစ်မှူး နှင့် ယူ-၁၉လက်ရွေးစင်အမျိုးသမီးအသင်းခေါင်းဆောင် စန်းသော်သော်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ခဲ့ကြောင်းသိရသည်။

စန်းသော်သော်သည် ၂၀၁၉-၂၀၂၀စာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး
သမိုင်း တစ်ဘာသာ ဂုဏ်ထူးထွက်ရှိခဲ့ခြင်းဖြစ်သည်။ပညာရေးတစ်ဖက်ဖြင့် ဘောလုံးအားကစားကိုဝါသနာကြီးခဲ့သူ စန်းသော်သော်သည် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများဖြစ်သည့် ယူ-၁၆ အမျိုးသမီးအသင်း၊ ယူ-၁၉ အမျိုးသမီးအသင်းတို့တွင် အဆင့်ဆင့်ကစားခဲ့ပြီး ခြေစွမ်းကောင်းများ
ပြသနိုင်ခဲ့သောကြောင့် လက်ရွေးစင်အမျိုးသမီးအသင်းကြီးအထိ ပါဝင်ကစားနိုင်ခဲ့သည်။

စန်းသော်သော်သည် ၂၀၁၈-၂၀၁၉ စာသင်နှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပထမအကြိမ်ဝင်ရောက် ဖြေဆိုခဲ့ရာ ပထဝီ နှင့် ဘောဂဗေဒ ဘာသာတို့တွင် ဂုဏ်ထူးမှတ်များ ရရှိခဲ့သော်လည်း သင်္ချာတစ်ဘာသာ ကျရှုံးခဲ့သောကြောင့်
စာမေးပွဲ အောင်မြင်ခြင်းမရှိခဲ့ပေ။

ဘောလုံးအားကစား တစ်ဖက်ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒုတိယအကြိမ် ထပ်မံဖြေဆိုခဲ့ရာတွင်လည်း စန်းသော်သော်သည် ၂၀၁၉ ခုနှစ်အတွင်း၌ အဓိကပြိုင်ပွဲများဖြစ်သည့် ယူ-၁၉အမျိုးသမီးအသင်း၏ အာရှခြေစစ်ပွဲ၊ လက်ရွေးစင်အမျိုးသမီးအသင်း၏ ဆီးဂိမ်းစ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး စာမေးပွဲအတွက် အနီးကပ် ကြိုးစားခဲ့ကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုင်းစောလွင်

မြန်မာ့လက်ရွေးစင် လူငယ်တိုက်စစ်မှူး စန်းသော်သော် ဂုဏ်ထူးတစ်ဘာသာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ လူငယ်တိုက်စစ်မှူး နှင့် ယူ-၁၉လက်ရွေးစင်အမျိုးသမီးအသင်းခေါင်းဆောင် စန်းသော်သော်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ခဲ့ကြောင်းသိရသည်။

စန်းသော်သော်သည် ၂၀၁၉-၂၀၂၀စာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး
သမိုင်း တစ်ဘာသာ ဂုဏ်ထူးထွက်ရှိခဲ့ခြင်းဖြစ်သည်။

ပညာရေးတစ်ဖက်ဖြင့် ဘောလုံးအားကစားကိုဝါသနာကြီးခဲ့သူ စန်းသော်သော်သည် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများဖြစ်သည့် ယူ-၁၆ အမျိုးသမီးအသင်း၊ ယူ-၁၉ အမျိုးသမီးအသင်းတို့တွင် အဆင့်ဆင့်ကစားခဲ့ပြီး ခြေစွမ်းကောင်းများ
ပြသနိုင်ခဲ့သောကြောင့် လက်ရွေးစင်အမျိုးသမီးအသင်းကြီးအထိ ပါဝင်ကစားနိုင်ခဲ့သည်။

စန်းသော်သော်သည် ၂၀၁၈-၂၀၁၉ စာသင်နှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပထမအကြိမ်ဝင်ရောက် ဖြေဆိုခဲ့ရာ ပထဝီ နှင့် ဘောဂဗေဒ ဘာသာတို့တွင် ဂုဏ်ထူးမှတ်များ ရရှိခဲ့သော်လည်း သင်္ချာတစ်ဘာသာ ကျရှုံးခဲ့သောကြောင့်
စာမေးပွဲ အောင်မြင်ခြင်းမရှိခဲ့ပေ။

ဘောလုံးအားကစား တစ်ဖက်ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒုတိယအကြိမ် ထပ်မံဖြေဆိုခဲ့ရာတွင်လည်း စန်းသော်သော်သည် ၂၀၁၉ ခုနှစ်အတွင်း၌ အဓိကပြိုင်ပွဲများဖြစ်သည့် ယူ-၁၉အမျိုးသမီးအသင်း၏ အာရှခြေစစ်ပွဲ၊ လက်ရွေးစင်အမျိုးသမီးအသင်း၏ ဆီးဂိမ်းစ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး စာမေးပွဲအတွက် အနီးကပ် ကြိုးစားခဲ့ကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

#Credit မိုင်းစောလွင်

Add a Comment

Your email address will not be published. Required fields are marked *