သမီးရဲ့အသက်ကို ကယ်ဖို့ မိုင်(၇၀၀)ခြေဗလာလျှောက်ပြီး ရန်ပုံငွေရှာနေတဲ့ စစ်သားကြီး

Spread the love

မိဘေတြဟာ သားသမီးေတြကို ဘယ္ေလာက္ခ်စ္ၾကတယ္ဆုိတာ စာဖြဲ႕ျပ႐ုံနဲ႔ မလုံေလာက္ပါဘူး။ မိဘေတြရဲ႕ခ်စ္ျခင္းေမတၱာဟာ သားသမီးေတြအေပၚမွာ မဟာသမုဒၵရာနဲ႔ပဲျဖစ္ျဖစ္၊ ျမင္းမုိရ္ေတာင္နဲ႔ပဲျဖစ္ျဖစ္ ႏႈိင္းစာလုိ႔ မရပါဘူး။ သားသမီးေတြအတြက္ အသက္ေပးဖုိ႔ ဝန္မေလးသူေတြဟာ မိဘေတြသာ ျဖစ္ပါတယ္။

ကိုယ့္ကေလးေလး ေနမေကာင္းျဖစ္ရင္ စိတ္ဆင္းရဲႀကီးစြာနဲ႔ ငါ့ပဲျဖစ္လုိက္ပါေတာ့။ အေဖ့သာ ဒီေရာဂါလာျဖစ္လုိက္ပါေတာ့။ အေမ့သာ ဒီေရာဂါ လာျဖစ္လုိက္ပါေတာ့လုိ႔ အနီးစပ္ဆုံး ကိုယ္ခ်င္းစာၾကသူေတြဟာ မိဘေတြသာ ျဖစ္ပါတယ္။ အခုအျဖစ္ေလးကေတာ့ စုိ႔နင့္ ေက်ကြဲစရာပါ။တပ္မေတာ္ၾကည္းတပ္ဗုိလ္မွဴးတစ္ေယာက္ျဖစ္တဲ့ Chris Brannigan သာ သမီးေလးရဲ႕အနာဂတ္အတြက္ မုိင္(၇၀၀)ေျခဗလာလမ္းေလွ်ာက္ၿပီး၊ ရံပုံေငြ စုေဆာင္းေနရွာေဖြေနေၾကာင္း Ladbible သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ဗုိလ္မွဴး Chris ဟာ အသက္(၄၀)ႏွစ္ျဖစ္ၿပီး၊ ဇနီးျဖစ္သူအမည္ကေတာ့ Hengameh Delfaninejad ျဖစ္ပါတယ္။ သူမက (၄၂)ႏွစ္ပါ။

သူတုိ႔ရဲ႕သမီးေလး Hasti (၈)ႏွစ္ဟာ ရွားပါးမ်ိဳးဗီဇေရာဂါတစ္မ်ိဳဴးျဖစ္တဲ့ Cornelia de Lange Syndrome (CdLS) အမည္ရ ေရာဂါကို ခံစားေနရပါတယ္။ (၂၀၁၈)ခုႏွစ္ကတည္းက ဒီေရာဂါခံစားေနရတာျဖစ္ၿပီး၊ ဒီေရာဂါကုထုံးကိုရွာဖုိ႔အတြက္ ဖခင္စစ္သားႀကီးမွာ မုိင္(၇၀၀) ေျခဗလာခရီးႏွင္ၿပီး၊ ရန္ပုံေငြ ရွာခဲ့ရတာပါ။CdLS ေရာဂါဟာ ကေလးေတြကုိ စိတ္ပိုင္းဆုိင္ရာ က်န္းမာေရး ခ်ိဳ႕တဲ့ေစၿပီး၊ ေရရွည္က်န္းမာေရးဆုိးက်ိဳးေတြကို ျဖစ္ေစႏုိင္ပါတယ္။ ေနာက္ၿပီး ဒီရွားပါးေရာဂါအတြက္ ကုထုံးရယ္လုိ႔ မယ္မယ္ရရ မရွိေသးပါဘူး။ Hasti ကေတာ့ သူမ ႀကီးလာရင္ အကပညာကုိ ေလ့လာမယ္လုိ႔ ဆုိပါတယ္။ ေနာက္ စာဖုိမွဴးလည္း ျဖစ္ခ်င္ပါသတဲ့။

သမီးေလး အသက္ရွည္ေစဖုိ႔ ဖခင္ Chris နဲ႔ မိခင္ Hengameh တုိ႔ဟာ ဇူလုိင္(၆)ရက္ တနလၤာေန႔မွာ Hope For Hasti အမည္ရ ပရဟိတအဖြဲ႕ေလးကို စတင္ခဲ့ၿပီး၊ ရန္ပုံေငြအတြက္ Chris ကိုယ္တုိင္ Land’s End ကေန Edinburgh ကို မုိင္(၇၀၀) ေျခဗလာခရီး စတင္ခဲ့ပါတယ္။ဖိနပ္မဝတ္တဲ့အတြက္ ေျခဖဝါးအေရျပားေတြဟာ တျဖည္းျဖည္း စုတ္ၿပဲလာခဲ့ၿပီး၊ ေနာက္ အနာေတြက အစိမ္းက်က္ က်က္ၿပီး အသားမာေတြျဖစ္ အသြင္ေျပာင္းသြားပါတယ္။ ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာကို ျမင္ႏုိင္တဲ့ ႀကိဳးစားမႈေလးပါ။ သမီေလးေဆးကုဖုိ႔ဆုုိတာထက္၊ ဒီေရာဂါကို ပညာရွင္ေတြ သုေတသနျပဳဖုိ႔ လုိအပ္တဲ့ကိစၥေတြမွာ လွဴတန္းမွာပါတဲ့။သမီးျဖစ္သူ Hasti အတြက္ လက္တေလာမွာ ကုထုံးက ေမွ်ာ္လင့္လုိ႔မရေပမယ့္ ေနာက္လာမယ့္ သားငယ္သမီးငယ္ေတြအတြက္ ဒီေရာဂါမ်ိဳးကို ကုထုံးေတြရွိေစခ်င္တာ Chris ရဲ႕ဆႏၵပါ။ ေလာေလာဆယ္ေတာ့ ပစ္မွတ္ထားတဲ့ ရန္ပုံေငြေပါင္(၂)သိန္းခြဲလွ်ာထားခ်က္အနက္ ရန္ပုံေငြ ေပါင္ (၂၀၉၁၃၀)ရေနပါၿပီ။

မိဘတွေဟာ သားသမီးတွေကို ဘယ်လောက်ချစ်ကြတယ်ဆိုတာ စာဖွဲ့ပြရုံနဲ့ မလုံလောက်ပါဘူး။ မိဘတွေရဲ့ချစ်ခြင်းမေတ္တာဟာ သားသမီးတွေအပေါ်မှာ မဟာသမုဒ္ဒရာနဲ့ပဲဖြစ်ဖြစ်၊ မြင်းမိုရ်တောင်နဲ့ပဲဖြစ်ဖြစ် နှိုင်းစာလို့ မရပါဘူး။ သားသမီးတွေအတွက် အသက်ပေးဖို့ ဝန်မလေးသူတွေဟာ မိဘတွေသာ ဖြစ်ပါတယ်။ကိုယ့်ကလေးလေး နေမကောင်းဖြစ်ရင် စိတ်ဆင်းရဲကြီးစွာနဲ့ ငါ့ပဲဖြစ်လိုက်ပါတော့။ အဖေ့သာ ဒီရောဂါလာဖြစ်လိုက်ပါတော့။ အမေ့သာ ဒီရောဂါ လာဖြစ်လိုက်ပါတော့လို့ အနီးစပ်ဆုံး ကိုယ်ချင်းစာကြသူတွေဟာ မိဘတွေသာ ဖြစ်ပါတယ်။ အခုအဖြစ်လေးကတော့ စို့နင့် ကျေကွဲစရာပါ။တပ်မတော်ကြည်းတပ်ဗိုလ်မှူးတစ်ယောက်ဖြစ်တဲ့ Chris Brannigan သာ သမီးလေးရဲ့အနာဂတ်အတွက် မိုင်(၇၀၀)ခြေဗလာလမ်းလျှောက်ပြီး၊ ရံပုံငွေ စုဆောင်းနေရှာဖွေနေကြောင်း Ladbible သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဗိုလ်မှူး Chris ဟာ အသက်(၄၀)နှစ်ဖြစ်ပြီး၊ ဇနီးဖြစ်သူအမည်ကတော့ Hengameh Delfaninejad ဖြစ်ပါတယ်။ သူမက (၄၂)နှစ်ပါ။

သူတို့ရဲ့သမီးလေး Hasti (၈)နှစ်ဟာ ရှားပါးမျိုးဗီဇရောဂါတစ်မျိုူးဖြစ်တဲ့ Cornelia de Lange Syndrome (CdLS) အမည်ရ ရောဂါကို ခံစားနေရပါတယ်။ (၂၀၁၈)ခုနှစ်ကတည်းက ဒီရောဂါခံစားနေရတာဖြစ်ပြီး၊ ဒီရောဂါကုထုံးကိုရှာဖို့အတွက် ဖခင်စစ်သားကြီးမှာ မိုင်(၇၀၀) ခြေဗလာခရီးနှင်ပြီး၊ ရန်ပုံငွေ ရှာခဲ့ရတာပါ။CdLS ရောဂါဟာ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့စေပြီး၊ ရေရှည်ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ဒီရှားပါးရောဂါအတွက် ကုထုံးရယ်လို့ မယ်မယ်ရရ မရှိသေးပါဘူး။ Hasti ကတော့ သူမ ကြီးလာရင် အကပညာကို လေ့လာမယ်လို့ ဆိုပါတယ်။ နောက် စာဖိုမှူးလည်း ဖြစ်ချင်ပါသတဲ့။

သမီးလေး အသက်ရှည်စေဖို့ ဖခင် Chris နဲ့ မိခင် Hengameh တို့ဟာ ဇူလိုင်(၆)ရက် တနင်္လာနေ့မှာ Hope For Hasti အမည်ရ ပရဟိတအဖွဲ့လေးကို စတင်ခဲ့ပြီး၊ ရန်ပုံငွေအတွက် Chris ကိုယ်တိုင် Land’s End ကနေ Edinburgh ကို မိုင်(၇၀၀) ခြေဗလာခရီး စတင်ခဲ့ပါတယ်။ဖိနပ်မဝတ်တဲ့အတွက် ခြေဖဝါးအရေပြားတွေဟာ တဖြည်းဖြည်း စုတ်ပြဲလာခဲ့ပြီး၊ နောက် အနာတွေက အစိမ်းကျက် ကျက်ပြီး အသားမာတွေဖြစ် အသွင်ပြောင်းသွားပါတယ်။ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို မြင်နိုင်တဲ့ ကြိုးစားမှုလေးပါ။ သမီလေးဆေးကုဖို့ဆိုတာထက်၊ ဒီရောဂါကို ပညာရှင်တွေ သုတေသနပြုဖို့ လိုအပ်တဲ့ကိစ္စတွေမှာ လှူတန်းမှာပါတဲ့။သမီးဖြစ်သူ Hasti အတွက် လက်တလောမှာ ကုထုံးက မျှော်လင့်လို့မရပေမယ့် နောက်လာမယ့် သားငယ်သမီးငယ်တွေအတွက် ဒီရောဂါမျိုးကို ကုထုံးတွေရှိစေချင်တာ Chris ရဲ့ဆန္ဒပါ။ လောလောဆယ်တော့ ပစ်မှတ်ထားတဲ့ ရန်ပုံငွေပေါင်(၂)သိန်းခွဲလျှာထားချက်အနက် ရန်ပုံငွေ ပေါင် (၂၀၉၁၃၀)ရနေပါပြီ။

shwemom

Add a Comment

Your email address will not be published. Required fields are marked *