(၃) နှစ် လောက် တြိတ် Crush နေရတဲ့ ကောင်လေး တစ်ယောက်က Gay ဖြစ်နေလို့ တော်တော်ကြီး စိတ်ညစ် ခဲ့ရဖူးတယ်လို့ ဆိုလာတဲ့ ရွှေအိမ်စည်

Spread the love

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

ရွှေအိမ်စည်ကတော့ Model Show ပွဲတွေမှာ တောက်လျှောက် ပါဝင်နေသလို အလျင်းသင့်သလို အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ပြည်သူချစ် အလှမယ်တစ်ဦးပါ။သူမရဲ့ ခပ်ချေချေ စကားပြောဟန်နဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ ဟန်ပန်က သူမကို ပိုမိုကျော်ကြားစေတာလည်းဖြစ်ပါတယ်။ Model Show တစ်ခုမှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ ရွှေအိမ်စည် က သူမ ၃ နှစ်လောက် တြိတ် Crush နေရတဲ့ ကောင်လေးတစ်ယောက်က Gay ဖြစ်နေလို့ တော်တော်ကြီး စိတ်ညစ်ခဲ့ရဖူးတယ်လို့ ဆိုလာခဲ့တာပါ။

 

 

ရွှေအိမ်စည်က “အရမ်းကြိုက်ခဲ့တဲ့ ကောင်လေး တစ်ယောက်ရှိတယ်။ချောတော့ အရမ်းကြွေခဲ့ရတာ။အရမ်းလည်း စော်ကြည်တယ်ပေါ့။နောက်မှ Gay ဖြစ်နေမှန်းသိလိုက်ရတာ ဘဝကြီးက တော်တော်စိတ်ညစ်စရာဖြစ်သွားတာ။သုံးနှစ်လောက် ကြိတ်Crush ခဲ့ပြီးမှဆိုတော့ တော်တော်ညစ်သွားတယ်”လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ မင်္ဂလာဆောင် လက်ထပ်ဖို့ကိုလည်း အနည်းဆုံး ငါးနှစ်လောက်အထိ ဖြစ်လာဖို့မရှိသေးပဲ သေချာလေ့လာပြီး မှသာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ချင်တယ်လို့ ဆိုလာခဲ့တာပါ။ သူမအနေနဲ့အရမ်းကြီး အမြန်လက်ထပ်ဖို့ မလိုသလို အခု အောင်မြင်မှု အတိုင်းဆက်သွားနေလည်း စိတ်ပူစရာမရှိတဲ့ အတွက် အိမ်ထောင်ပြုဖို့ ကိစ္စကြီးကို လောလောဆယ်မစဉ်းစားသေးဘူးလို့ ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။

ဒါကတော့ ရွှေအိမ်စည်တစ်ယောက် Crush က Gay ဖြစ်နေလို့ ကြေကွဲခဲ့ရတဲ့အကြောင်း ပြောပြထားတာ ကို ပြန်လည်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ လူမှုကွန်ယက်မှာလူပြောများနေတဲ့ အဖြစ်အပျက်လေးဖြစ်လို့မျှဝေပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *