ဘော်ဒီ အကြီးကြီးနဲ့ ဘဲတွေ မကြိုက်ဘူး၊ ပဲများပြီး လိုက်ပြနေ ကြတာ ရင်လည်း မခုန်ဘူး ဆိုတဲ့ ဘေဘီမောင်(ရုပ်/သံ)

Spread the love

သရုပ်ဆောင် ဘေဘီမောင် ကတော့ “အသား ဖြူချင် လည်းဖြူ၊ ညိုချင် လည်းညို ယောကျင်္ားဆန်ဆန် မျက်နှာမျိုးဘဲကြိုက်တယ်၊ ကိုရီးယား လိုလိုဘာလိုလို မျက်ခုံးမွှေးဆွဲတဲ့ ကောင်လေးတွေဆို မကြိုက်ပါဘူး” လို့လည်း သူမ ရဲ့ Ideal Type ကိုပြောပါတယ်။
Body တောင့်အောင် ဂျင်ဆော့နေတဲ့ bro တို့ကိုတော့ အခုလို ဒဲ့ဆော်လိုက်ပါတယ်ဗျာ… “ယောကျာ်းလေးတွေ အလေးတုံး တွေ မပြီး Body ကိတ် ဖို့ ကြိုးစားနေတာ အချိန်ကုန်တယ် လို့ မြင်တယ်။ အလုပ်လည်း မဖြစ်၊ အကျိုးလည်း မရှိဘဲ မသေခင် ဒဏ်ခံ နေကြရတယ်။ Body အကြီးကြီးတွေကို ပဲများပြီး လိုက်ပြနေကြတာ ရင်လည်း မခုန်ဘူး” လို့ သရုပ်ဆောင် ဘေဘီမောင်က ပြောပါတယ်။

 

 

“ဘာလုပ်မှာလဲ ဝိတ်တုံးကြီးတွေ မနေကြမယ့်အစား ကျောက်သယ်ပြီး လမ်းခင်းလိုက်တာ မှ နိုင်ငံတော်ကို အကျိုးပြုပါအုံးမယ်” တဲ့ ခင်ဗျား.. ပရိတ်သတ်ကြီး ကရော တောင့်တောင့်ဖြောင့်ဖြောင့် Body Builder ပုံစံကြိုက်လား၊ ဒါမှမဟုတ် ပိန်ပိန်ပါးပါးပုံစံ ကြိုက်လား ၊ ဘေဘီမောင်ပြောတာကိုရော လက်ခံလား၊ လက်မခံဘူးလား ကောမန့်လေးမှာ ဝင်ရောက်ဆွေးနွေးသွားပါအုံး။ထန်းညက်ခဲ
ref Myanmar Celebrity TV

Add a Comment

Your email address will not be published. Required fields are marked *