အင်္ဂလန်မီဒီယာမှာတောင် ဖော်ပြခံရတဲ့ မြန်မာ့ခါးအသေးဆုံးပိုင်ရှင် ပဲခူးသူ ဆုလှိုင်

Spread the love

မြန်မာနိုင်ငံက သဘာဝအတိုင်း ခါးအသေးဆုံးပိုင်ရှင် ဆုလှိုင်ကို အင်္ဂလန်မီဒီယာတွေမှာ အထူးအဆန်းဖော်ပြနေတယ်လို့ သိရပါတယ်။မြန်မာက ဆုလှိုင်ရဲ့ ခါးဆိုက်ဒ်ဟာ ၁၃.၇ လက်မသာရှိလို့ ကမ္ဘာ့ခါးအသေးဆုံးစာရင်းဝင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ဆုလှိုင်ဟာ သူမရဲ့ သေးငယ်လှတဲ့ ခါးကို လူမှုကွန်ယက် အင်စတာဂရမ် ပေါ်တင်ရင်းကနေ အနောက်နိုင်ငံတွေက သတိထားမိတာဖြစ်ပါတယ်။သူမရဲ့ခါးဟာ ဖိုတိုရှော့နဲ့ လုပ်ထားခြင်းမရှိသလို သဘာဝအတိုင်းရတဲ့ ခါးအရွယ်အစားဖြစ်တယ်လို့ သူမက ပြောပါတယ်။အင်္ဂလန်ကျန်းမာရေးဌာနရဲ့သတ်မှတ်ချက်မှာတော့ ကျန်းမာတဲ့ခါးဆိုက်ဒ်အရွယ်အစားကို ၃၁.၅ ထက်မကျော်ဘူးလို့ သတ်မှတ်ထားပါတယ်။“ကျွန်မရဲ့ခန္ဓာကိုယ်က ပုံမှန်အရွယ်အစားပါ။အစားအသောက်တွေတော့ ဆင်ခြင်တာတွေရှိပါတယ်။ ထူးခြားတယ်လို့မခံစားရပါဘူး”လို့ ဆုလှိုင်က ပြောပါတယ်။

 

 

လက်ရှိကမ္ဘာ့အသေးဆုံးခါးဆိုက်ဒ်ပိုင်ရှင်က ဗြိတိန်သူဂရန်ဂျာဖြစ်ပြီး ခါးဆိုက်ဒ် ၁၃ လက်မသာရှိပါတယ်။သူမရဲ့ခါးဆိုက်ဒ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေပေမယ့် အကောင်းမြင်တဲ့သူများပါတယ်။

 

Add a Comment

Your email address will not be published. Required fields are marked *