သမီးလေးရဲ့ဂုဏ်ယူရတဲ့ဖခင်ဖြစ်အောင် Iron Man ဝတ်စုံဝတ်ပြီး ကျောင်းလာကြိုခဲ့တဲ့ဖခင်

Spread the love

တ႐ုတ္ႏိုင္ငံ ၊ Hangzhou ၿမိဳ႕မွာ ေနထိုင္လ်က္႐ွိတဲ့ Bao Guojian အမည္႐ွိတဲ့အမ်ိဳးသားဟာ တကယ့္ Iron Man ဝတ္စံုကိုဝတ္ဆင္ၿပီးေနာက္ 7ႏွစ္အရြယ္သမီးငယ္ရဲ႕ သူငယ္တန္းေက်ာင္းအထိ ကိုယ္တိုင္သမီးေလးကိုသြားႀကိဳခဲ့ပါတယ္ ။ ဖခင္ျဖစ္သူက စူပါဟီး႐ိုးတစ္ေယာက္ဆိုၿပီး သူငယ္ခ်င္ေတြကိုေျပာျပခဲ့ေပမဲ့ သူငယ္ခ်င္းေတြကလိမ္ညာေနတာဆိုၿပီးေျပာဆိုခဲ့လို႔ ယခုလိုဖခင္ျဖစ္သူက Iron Man ဝတ္စံုဝတ္ၿပီး ေက်ာင္းလာႀကိဳေတာ့ အေတာ္ေလးကိုဂုဏ္ယူမိေၾကာင္း သမီးျဖစ္သူကေျပာျပခဲ့ပါတယ္ ။ အသက္ 34 ႏွစ္အရြယ္ဖခင္ျဖစ္သူကေတာ့ Iron Man ဝတ္စံုေတြစုေဆာင္းရတာကို အေတာ္ေလးဝါသနာပါသူျဖစ္ပါတယ္ ။ ထိုအခ်ိန္တုန္းက သမီးငယ္ေလးဟာ အသက္ 7ႏွစ္သာ႐ွိေသးတဲ့အတြက္ ဖခင္ျဖစ္သူက Iron Man ဆိုၿပီးအမွန္တကယ္ယံုၾကည္ကာ သူငယ္ခ်င္ေတြထံေျပာျပခဲ့ေပမဲ့ သူငယ္ခ်င္းမ်ားက စေႏွာက္ေနခဲ့လို႔ အေတာ္ေလးအ႐ွက္ရေနခဲ့တဲ့အခ်ိန္ပါ ။

တစ္ရက္မွာေတာ့ ဖခင္ျဖစ္သူက သမီးျဖစ္သူကိုအသိမေပးပဲေက်ာင္းေ႐ွ႕သို႔ေရာက္လာခဲ့ၿပီး ၊ အျခားေက်ာင္းသားမ်ားကလည္း ” Iron Man လာေနၿပီ” ဆိုၿပီး ေအာ္ဟစ္ခဲ့ၾကလို႔ ကေလးငယ္ေတြကလည္း အမွန္တကယ္ စူပါဟီး႐ိုးတစ္ေယာက္ေတြ႔ျမင္ေနသလို အေတာ္ေလးစိတ္လႈပ္႐ွားခဲ့ၾကပါတယ္ ။ ထို႔ေနာက္ Lele ရဲ႕ဖခင္ျဖစ္သူႏွင့္လည္း အတူဓာတ္ပံု႐ိုက္ခဲ့ၾကပါတယ္ ။ Lele ကေတာ့ အဆိုပါေန႔ေလးကို ဂုဏ္ယူရလြန္းလို႔ ယေန႔ထိတိုင္မေမ့ႏိုင္ေအာင္ျဖစ္ေနပါတယ္ ။

ဖခင္ျဖစ္သူ Bao Guojian ကေတာ့ သူ႔ရဲ႕ဘဝတစ္ေလ်ွာက္လံုး Iron man ဝတ္စံုေတြကို စုေဆာင္းသြားမွာျဖစ္ၿပီး ၊ ယခုအခ်ိန္မွာေတာ့ Iron man ရဲ႕ဝတ္စံု အစိတ္အပိုင္းေပါင္း 300 ေက်ာ္ခန္႔ကို ပိုင္ဆိုင္ထားေနၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: chinaplus

Unicode

တရုတ်နိုင်ငံ ၊ Hangzhou မြို့မှာ နေထိုင်လျက်ရှိတဲ့ Bao Guojian အမည်ရှိတဲ့အမျိုးသားဟာ တကယ့် Iron Man ဝတ်စုံကိုဝတ်ဆင်ပြီးနောက် 7နှစ်အရွယ်သမီးငယ်ရဲ့ သူငယ်တန်းကျောင်းအထိ ကိုယ်တိုင်သမီးလေးကိုသွားကြိုခဲ့ပါတယ် ။ ဖခင်ဖြစ်သူက စူပါဟီးရိုးတစ်ယောက်ဆိုပြီး သူငယ်ချင်တွေကိုပြောပြခဲ့ပေမဲ့ သူငယ်ချင်းတွေကလိမ်ညာနေတာဆိုပြီးပြောဆိုခဲ့လို့ ယခုလိုဖခင်ဖြစ်သူက Iron Man ဝတ်စုံဝတ်ပြီး ကျောင်းလာကြိုတော့ အတော်လေးကိုဂုဏ်ယူမိကြောင်း သမီးဖြစ်သူကပြောပြခဲ့ပါတယ် ။ အသက် 34 နှစ်အရွယ်ဖခင်ဖြစ်သူကတော့ Iron Man ဝတ်စုံတွေစုဆောင်းရတာကို အတော်လေးဝါသနာပါသူဖြစ်ပါတယ် ။ ထိုအချိန်တုန်းက သမီးငယ်လေးဟာ အသက် 7နှစ်သာရှိသေးတဲ့အတွက် ဖခင်ဖြစ်သူက Iron Man ဆိုပြီးအမှန်တကယ်ယုံကြည်ကာ သူငယ်ချင်တွေထံပြောပြခဲ့ပေမဲ့ သူငယ်ချင်းများက စနှောက်နေခဲ့လို့ အတော်လေးအရှက်ရနေခဲ့တဲ့အချိန်ပါ ။

တစ်ရက်မှာတော့ ဖခင်ဖြစ်သူက သမီးဖြစ်သူကိုအသိမပေးပဲကျောင်းရှေ့သို့ရောက်လာခဲ့ပြီး ၊ အခြားကျောင်းသားများကလည်း ” Iron Man လာနေပြီ” ဆိုပြီး အော်ဟစ်ခဲ့ကြလို့ ကလေးငယ်တွေကလည်း အမှန်တကယ် စူပါဟီးရိုးတစ်ယောက်တွေ့မြင်နေသလို အတော်လေးစိတ်လှုပ်ရှားခဲ့ကြပါတယ် ။ ထို့နောက် Lele ရဲ့ဖခင်ဖြစ်သူနှင့်လည်း အတူဓာတ်ပုံရိုက်ခဲ့ကြပါတယ် ။ Lele ကတော့ အဆိုပါနေ့လေးကို ဂုဏ်ယူရလွန်းလို့ ယနေ့ထိတိုင်မမေ့နိုင်အောင်ဖြစ်နေပါတယ် ။

ဖခင်ဖြစ်သူ Bao Guojian ကတော့ သူ့ရဲ့ဘဝတစ်လျှောက်လုံး Iron man ဝတ်စုံတွေကို စုဆောင်းသွားမှာဖြစ်ပြီး ၊ ယခုအချိန်မှာတော့ Iron man ရဲ့ဝတ်စုံ အစိတ်အပိုင်းပေါင်း 300 ကျော်ခန့်ကို ပိုင်ဆိုင်ထားနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Add a Comment

Your email address will not be published. Required fields are marked *