နာရီပေါင်း 46နာရီကျော်ကြာသည်အထိ မနားတမ်းစံချိန်တင် အနမ်းပေးနိုင်ခဲ့တဲ့ စုံတွဲ

Spread the love

ထိုင္းႏိုင္ငံမွ စံုတြဲတစ္တြဲဟာ 46နာရီ ၊ 24 မိနစ္ၾကာသည္အထိ အနမ္းေပးခဲ့ၾကလို႔ အခ်ိန္အၾကာဆံုး “kissing” ေပးႏိုင္ၾကတဲ့ စံုတြဲအျဖစ္ စံခ်ိန္တင္သြားခဲ့ပါတယ္ ။ Guinnes World Records မွာ တကယ့္တရားဝင္စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္ ။ အဆိုပါၿပိဳင္ပြဲကို ထိုင္းႏိုင္ငံ ၊ Pattaya ၿမိဳ႕မွာက်င္းပခဲ့တာျဖစ္ၿပီး အႏိုင္ရ႐ွိသြားတဲ့ဇနီးေမာင္ႏွံေတြျဖစ္တဲ့ Ekkachai ႏွင့္ Laksana တို႔စံုတြဲအပါအဝင္ စံုတြဲ 14 တြဲပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။ ဆုေၾကးအျဖစ္ 50,000 ဘတ္တန္ဖိုး႐ွိတဲ့ စိန္လက္စြပ္တစ္ကြင္း ႏွင့္ 100,000 ဘတ္ ဆုေၾကးေငြတို႔လက္ခံရ႐ွိခဲ့ပါတယ္ ။ အဆိုပါစံုတြဲဟာ တနဂၤေႏြေန႔ ေဒသစံေတာ္ခ်ိန္ 6နာရီခန္႔မွာ စတင္ယွဥ္ၿပိဳင္ခဲ့ၿပီး ၊ အဂၤါေန႔မွာေတာ့ အႏိုင္ရ႐ွိခဲ့တာျဖစ္ပါတယ္ ။

ၿပိဳင္ပြဲဝင္ေတြဟာ လက္ထပ္ထားတဲ့စံုတြဲေတြျဖစ္ပါက လက္ထပ္မွတ္ပံုတင္ကိုျပရမွာျဖစ္ၿပီး ၊ ခ်စ္သူစံုတြဲမ်ားျဖစ္ၾကပါက မိဘေတြထံမွ ခြင့္ျပဳခ်က္ေပးထားတဲ့ သက္ေသစာရြက္စာတမ္းေတြကို ျပသေပးရမွာျဖစ္ပါတယ္ ။ ထို႔အျပင္ အစားစားခြင့္ ၊ ေရေသာက္ခြင့္ နဲ႔ အိမ္သာသြားခြင့္ေပးထားေပးတဲ့ အျမဲေပြ႔ဖက္ထားတဲ့လက္ကိုေတာ့မလြတ္ရပါဘူး ။ ယွဥ္ၿပိဳင္ေနစဥ္အတြင္း ထိုင္ခြင့္ ၊ အိပ္ခြင့္တို႔ မေပးထားတဲ့အတြက္ ၊ အမ်ိဳးသမီးတစ္ဦးဟာ ယွဥ္ၿပိဳင္ေနရင္း တစ္နာရီအၾကာမွာ မူးေမ့လဲသြားပါေသးတယ္ ။

ပြဲစီစဥ္သူကေတာ့ ” အဲမွာ အခ်ိန္အေတာ္ၾကာ မတ္တပ္ရပ္ၿပီး အနမ္းေပးေနဖို႔က မလြယ္ပါဘူး ၊ တစ္ေယာက္ကို တစ္ေယာက္ ကူညီေထာက္ပံ့ေပးဖို႔လိုအပ္တာပါ ၊ အခ်စ္ဆိုတာ အဓိပၸါယ္ျပည့္စံုလြန္းၿပီး ျပင္းျပတဲ့အစြမ္း႐ွိတယ္ဆိုတာ ျပသခ်င္လို႔ပါ ” ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ 2009 ခုႏွစ္က 32 နာရီၾကာသည္အထိ အနမ္းေပးခဲ့ၾကတဲ့ ဂ်ာမနီစံုတြဲရဲ႕ စံခ်ိန္ကို ေက်ာ္လြန္းၿပီး ယခုအႏိုင္ရ႐ွိခဲ့တဲ့ ထိုင္းႏိုင္ငံစံုတြဲက စံခ်ိန္ခ်ိဳးႏိုင္ခဲ့တာျဖစ္ပါတယ္ ။

Credit Mckzone Daily

UNICODE

ထိုင်းနိုင်ငံမှ စုံတွဲတစ်တွဲဟာ 46နာရီ ၊ 24 မိနစ်ကြာသည်အထိ အနမ်းပေးခဲ့ကြလို့ အချိန်အကြာဆုံး “kissing” ပေးနိုင်ကြတဲ့ စုံတွဲအဖြစ် စံချိန်တင်သွားခဲ့ပါတယ် ။ Guinnes World Records မှာ တကယ့်တရားဝင်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံ ၊ Pattaya မြို့မှာကျင်းပခဲ့တာဖြစ်ပြီး အနိုင်ရရှိသွားတဲ့ဇနီးမောင်နှံတွေဖြစ်တဲ့ Ekkachai နှင့် Laksana တို့စုံတွဲအပါအဝင် စုံတွဲ 14 တွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါတယ် ။ ဆုကြေးအဖြစ် 50,000 ဘတ်တန်ဖိုးရှိတဲ့ စိန်လက်စွပ်တစ်ကွင်း နှင့် 100,000 ဘတ် ဆုကြေးငွေတို့လက်ခံရရှိခဲ့ပါတယ် ။ အဆိုပါစုံတွဲဟာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် 6နာရီခန့်မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး ၊ အင်္ဂါနေ့မှာတော့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ် ။

ပြိုင်ပွဲဝင်တွေဟာ လက်ထပ်ထားတဲ့စုံတွဲတွေဖြစ်ပါက လက်ထပ်မှတ်ပုံတင်ကိုပြရမှာဖြစ်ပြီး ၊ ချစ်သူစုံတွဲများဖြစ်ကြပါက မိဘတွေထံမှ ခွင့်ပြုချက်ပေးထားတဲ့ သက်သေစာရွက်စာတမ်းတွေကို ပြသပေးရမှာဖြစ်ပါတယ် ။ ထို့အပြင် အစားစားခွင့် ၊ ရေသောက်ခွင့် နဲ့ အိမ်သာသွားခွင့်ပေးထားပေးတဲ့ အမြဲပွေ့ဖက်ထားတဲ့လက်ကိုတော့မလွတ်ရပါဘူး ။ ယှဉ်ပြိုင်နေစဉ်အတွင်း ထိုင်ခွင့် ၊ အိပ်ခွင့်တို့ မပေးထားတဲ့အတွက် ၊ အမျိုးသမီးတစ်ဦးဟာ ယှဉ်ပြိုင်နေရင်း တစ်နာရီအကြာမှာ မူးမေ့လဲသွားပါသေးတယ် ။

ပွဲစီစဉ်သူကတော့ ” အဲမှာ အချိန်အတော်ကြာ မတ်တပ်ရပ်ပြီး အနမ်းပေးနေဖို့က မလွယ်ပါဘူး ၊ တစ်ယောက်ကို တစ်ယောက် ကူညီထောက်ပံ့ပေးဖို့လိုအပ်တာပါ ၊ အချစ်ဆိုတာ အဓိပ္ပါယ်ပြည့်စုံလွန်းပြီး ပြင်းပြတဲ့အစွမ်းရှိတယ်ဆိုတာ ပြသချင်လို့ပါ ” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ 2009 ခုနှစ်က 32 နာရီကြာသည်အထိ အနမ်းပေးခဲ့ကြတဲ့ ဂျာမနီစုံတွဲရဲ့ စံချိန်ကို ကျော်လွန်းပြီး ယခုအနိုင်ရရှိခဲ့တဲ့ ထိုင်းနိုင်ငံစုံတွဲက စံချိန်ချိုးနိုင်ခဲ့တာဖြစ်ပါတယ် ။

Credit Mckzone Daily

Add a Comment

Your email address will not be published. Required fields are marked *