ဇူလိုင်(၂၁)ရက် တစ်နေ့တည်းမှာပဲ ဒေါ်လာ(၁၃)ဘီလီယံ ချမ်းသာသွားတဲ့ Jeff Bezos

Spread the love




Credit SHWEMOM

UNICODE

Amazon ရဲ့ Founder ဖြစ်တဲ့ Jeff Bezos ရဲ့ စီး ပွား ဥစ္စာ က တော့ တစ်နေ့ တခြားကို တိုး နေပါတယ်။ကိုဗစ် ကာလာမှာ စီးပွား ရေး လုပ်ငန်းရှင် အများစု အထိ နာ နေ ပေမယ့်လည်း Jeff Bezos က တော့ သူတို့ နဲ့ လုံး၀ ပြောင်းပြန်ပါ။ကိုဗစ် ကြောင့် တစ်နေ့ တခြား ပိုပြီး တော့ တောင် ချမ်းသာ နေပါတယ်။ဘယ် လောက် ထိ စီးပွားရေး က အောင်မြင် နေလဲ ဆိုရင် တော့ တစ်နေ့ တည်းမှာ တင် ဒေါ်လာ (၁၃)ဘီလီယံ ရတဲ့ အထိ ချမ်းသာ နေတာပါ။ဒီ အ ကြောင်းကိုတော့ The Guardian မှာ ဖော်ပြထားတာပါ။

သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှု က တော့ ဒေါ်လာ (၁၈၉) ဘီလီယံ အထိ တောင် ဖြစ်လာခဲ့ပါပြီ။ Jeff Bezos ရဲ့ တစ်နေ့တည်း နဲ့ တင် (၁၃)ဘီလီယံ ၊ပေါင် (£10 )ဘီလီယံ ထပ်တိုး ချမ်းသာလာမှု ကြောင့် တိုးလာတဲ့ ကြွယ်၀ မှု က တော့ ဗြိတိန် ဘုရင်မကြီး ထက် တောင်မှ အဆ (၃၀) ပိုများ ပါတယ်။အရမ်း ချမ်းသာ ပါတယ်ဆိုတဲ့ ဗြိတိန် တော်ဝင်မိသားစု ရဲ့ အကြီးဆုံး ဘုရင်မကြီး ထက်တောင်မှ အဆ (၃၀) လောက် ပိုပြီး ချမ်းသာ သူပါ။သူ့ရဲ့ ကြွယ်၀ ချမ်းသာမှု ကြောင့် အခုဆိုရင် တော့ Amazon က ဗြိတိန် ရဲ့ အကြီး ဆုံး ကုမ္ပဏီ AstraZeneca ထက် တောင် မှ ပို ပြီး တန် ဖိုး မြင့်မား လာခဲ့ပါပြီ။အဲ့ဒီ ကုမ္ပဏီရဲ့ စ တော့ အိတ်ချိန်း က တော့ (£121) ဘီလီယံ ရှိပါတယ်။ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် လူတွေ အိမ် ထဲမှာ ပဲ နေ နေ ရတဲ့ အချိန် မှာ Amazon ကို အားကိုး လာ သူ တွေ ပို များလာပြီး ကုမ္ပဏီရဲ့ ရှယ်ယာ ဈေးတွေ တဟုန် ထိုး မြင့် တက် လာခဲ့တာပါ။

တခြားစီးပွားရေး လုပ်ငန်းတွေ ကပ် ဘေး ကြောင့် အခက် အခဲ တွေ ကြုံ နေရပါတယ်။(၁၉၃၀)နောက်ပိုင်း အဆိုးရွား ဆုံး စီးပွား ရေး အကျပ် အတည်းနဲ့ ရင်ဆိုင် ရ နိုင်တယ်လို့ ထင် ကြေး ပေး ခံ နေရတဲ့ အ နေအထား ပါ။ဒါ ပေမယ့်လည်း ကိုရိုနာက Amazon ရဲ့ စီးပွားရေး တိုးတက်လာမှု အတွက် လှေကား ထစ် တစ်ခု ဖြစ် ခဲ့ကာ ရှယ်ယာ က (၇၀) ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ တနင်္လာ (ဇူလိုင် ၂၀) တစ်ရက် တည်းမှာ တင်ပဲ (၈) ရာ ခိုင်နှုန်း ($3, 197) စံချိန်တင် မြင့်တက်ခဲ့ပါတယ်။အင်္ဂါ ဇူလိုင် (၂၁) မှာတော့ နည်းနည်း ပြန်ကျ သွားခဲ့ပါတယ်။ Jeff Bezos က တော့ Amzaon ကို (၁၉၉၄)ခုနှစ်တုန်းက သူ့ရဲ့ ဂိုဒေါင် ကို ရုံးခန်း လုပ်ပြီး စ ဖွင့် ခဲ့တာပါ။

Credit SHWEMOM

Add a Comment

Your email address will not be published. Required fields are marked *