JB က Surprise ဗီဒီယိုကောခေါ်လိုက်တဲ့အချိန် အင်္ကျီမဝတ်ထားမိတဲ့ အမျိုးသမီးရဲ့အဖြစ်

Spread the love

လက်ရှိမှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ အိမ်ထဲမှာပဲ နေဖြစ်ကြတာ များပါတယ်။ လူတော်တော်များများဟာ များသောအားဖြင့် အလုပ်သွား၊ Shopping ထွက်၊ အပေါင်းအသင်းတွေနဲ့ တွေ့နေကျမို့လို့ အခုလိုအိမ်ထဲက အိမ်အပြင်မထွက်ပဲနေရတော့ တော်တော်ငြီးငွေ့နေမှာတော့အမှန်ပါပဲ။ဒါ့ကြောင့် အနုပညာရှင်တော်တော်များကလည်း သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ Live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြော၊ သီချင်းတွေ ဆိုပြပြီး အိမ်ထဲကအိမ်အပြင်မထွက်ရတဲ့သူတွေ အပျင်းပြေအောင် နည်းမျိုးစုံနဲ့ ဖန်တီးပေးလျက် ရှိပါတယ်။

 

အခုရက်ပိုင်းတွေမှာလည်း နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ Justin Bieber ဟာ သူ့ရဲ့ Instagram ကနေ Live လွှင့်ပြီး စကားပြောနေကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ Justin ဟာ တစ်ရက်မှာ Live လွှင့်နေတုန်း သူ့ပရိသတ်တွေထဲက တစ်ယောက်ယောက်နဲ့ Instagram Live Video Call ပြောဖို့ random ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုအချိန်မှာ မထင်မှတ်ထားတာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ Justin တစ်ယောက် Video Call ခေါ်လိုက်တဲ့အချိန်မှာ တစ်ဖက်က ပရိသတ်အမျိုးသမီးဟာ အင်္ကျီချွတ်ထားလျက်ကြီး ဖြစ်နေတာပါပဲ။

Live Video Call ဟာ ဖုန်းကိုင်ဖို့ မလိုအပ်ပါဘူး။ တစ်ဖက်က ခေါ်လိုက်တာနဲ့တန်းဝင်သွားတာဆိုတော့ ကြည့်ရတာ အမျိုးသမီးကလည်း သူ့ကို ရွေးလိက်မယ်မှန်း မထင်ခဲ့တဲ့ပုံပါပဲ။ ဒါကြောင့်လည်း ကိုယ်တုံးလုံးချွတ်ကြီးနဲ့ ပက်ပင်းတိုးခဲ့တာပေါ့။ ဗီဒီယိုကော ပွင့်ပွင့်ချင်းမှာတင်ကို ခုတင်ပေါ်ကနေ လှိမ့်ပြေးဆင်းပြီး ခုတင်အောက်မှာပဲ ပုံးအောင်းနေခဲ့ပါတော့တယ်။

ဒါကို ဖြတ်ခနဲတွေ့လိုက်တဲ့ Justin Bieber ကတော့ “အနှေင့်အယှက်ဖြစ်သွားပြီထင်တယ်။ ဆောရီးပါဗျာ။ ဘာပဲဖြစ်ဖြစ်တွေ့ရတာဝမ်းသာပါတယ်” လို့ နှုတ်ဆက်ပြီး Video Call ကို အမြန်ပဲပြန်ချခဲ့ပါတယ်။ ဒီအကြောင်းက ဆိုရှယ်မီဒီယာမှာတော်တော်လေး ပျံ့နှံ့သွားပြီး လူတော်တော်များများကတော့ “ ဒါဟာ မတော်တဆမှုပါ” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Pyi Hein Kyaw/credit -shwemom

Add a Comment

Your email address will not be published. Required fields are marked *