လက်သန့်ဆေးရည်တွေ လိုက်လံ ဝေငှ ပေးခဲ့တဲ့ Sinon Loresca

Spread the love

Sinon Loresca ကတော့  Catwalk King  ဆိုပြီး လူသိများ ပါတယ်။ (၆) လက်မ ဒေါက် ဖိနပ်ကြီးကို စီးပြီး Catwalk လျှောက် တဲ့ ဗီဒီယိုဖိုင်တွေ  ကို အွန်လိုင်းပေါ်မှာ တင်ရင်းနဲ့ လူသိများခဲ့တာပါ။ကမ္ဘာအနှံ့ က နိုင်ငံတွေ ကို လျှောက်သွားပြီး Catwalk လျှောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဗီဒီယိုဖိုင်တွေ က တော့ အွန်လိုင်းပေါ်မှာ တော်တော် လေး နာမည်ကြီးပါတယ်။

မြန်မာနိုင်ငံမှာ နေပြီး ပရဟိတ အလုပ်တွေကို တက်နိုင်သမျှ ကူညီ လုပ်ဆောင်နေတဲ့ Sinon Loresca က တော့ အခုလည်း COVID-19 အန္တရာယ်ကို ကာကွယ်ပေးရေးမှာ သူတက်နိုင်သ လောက်လေး တစ်ဖက် တစ်လမ်း ကနေ ပါဝင် ပေးခဲ့ပါတယ်။လက်သန့်ဆေးရည် တစ်ချို့ကို လိုက်လံ ဝေငှ ပေးခဲ့တာပါ။သူလိုက်ဝေတာ နည်းနည်းလေး ဆိုပေ မယ့် အချင်းချင်းရိုင်းပင်းကူညီ စောင့်ရှောက်ဖို့ ဆိုတဲ့အ သိလေးကို ပေးချင်တဲ့ အတွက် အခုလို လုပ်တာပါလို့  ပြောခဲ့ပါတယ်။

Sinon Loresca က တော့ ပြီးခဲ့တဲ့ရက်တွေ ကလည်း သူ့ရဲ့ fb ကနေ ကုန်ပစ္စည်းတွေကို ကိုယ့်တဖို့တည်းကြည့်ပြီး အလုအယက်မ၀ယ်ကြဖို့ နဲ့ ဈေးတင်ရောင်းတာမျိုးမလုပ်ကြဖို့ မေတ္တာရပ်ခံခဲ့ပါသေးတယ်။မပြည့်စုံတဲ့ ကလေးတွေ အတွက်သူတက်နိုင်သ လောက် ကူညီပေးခဲ့တာတွေကိုလည်း တွေ့ရပါတယ်။

credit -shwemom

Add a Comment

Your email address will not be published. Required fields are marked *