“အိမ်မှာနေတာဘာမှမစားချင်ဘဲ ကိုယ်ခံအားနည်းလာတယ်” ဆိုတဲ့စံရတီမိုးမြင့်

Spread the love

မြန်မာနိုင်ငံရဲ့နာမည်​ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ စံရတီမိုးမြင့်ကို​တော့ ပရိသတ်​တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ စံရတီ​လေးက​တော့ ပွင့်လင်းစွာ​ပြောတတ်လွန်းပြီ သူမရဲ့ချစ်စရာ​ကောင်းတဲ့မျက်နှာ​လေး​ကြောင့် ပရိသတ်​တွေရဲ့အချစ်ကိုရရှိထားတဲ့မင်းသမီးဆိုလည်းမမှား​လောက်ပါဘူး​နော်။ သူမဟာဆိုရင် ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်​ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

 

စံရတီမိုး​မြင့်က​တော့ တိရိစ္ဆာန်​လေး​တွေကိုချစ်တတ်တာ​ကြောင့် တိရိစ္ဆာန်ပုံ​လေး​တွေနဲ့ သူမရဲ့ချစ်စရာ​ကောင်းတဲ့ အမှတ်တရပုံရိပ်​လေး​တွေကို လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာ တင်​ပေး​လေ့ရှိပါတယ်။ ​မတ်လ(၂၅)ရက်​နေ့မှာ စံရတီမိုးမြင့်က”သူများတွေ stay at home က အစားတွေစားသောက်ပြီး ဝလာကြ ကိုယ်ခံအားကောင်းလာကြတယ်..ကိုယ့် stay at home ကဘာမှမစားချင် တဖြည်းဖြည်းအားနည်းလာတယ်.. ဒါတောင်Boxing ထိုးဖို့စဉ်းစားနေသေး.. စားချင်တာရယ်လို့လဲမရှိ.” ဆိုကာ သူမရဲ့အိမ်မှာ​နေရင်ဖြစ်​နေတဲ့ခံစားချက်​လေးကို လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမက​တော့အိမ်မှာ​နေရင်ဘာမှမစားချင်လို့ အားနည်းလာတယ်ဆိုတဲ့အ​ကြောင်းကို တင်​ပေးလိုက်တာပါပဲ​နော် ပရိသတ်ကြီးတို့​ရေ။

CeleConnectionsပရိသတ်​တွေအတွက် စံရတီမိုး​မြင့်​လေးက​တော့သူများနဲ့မတူတဲ့အ​ကြောင်း​လေးကိုပြန်လည်ပြီးမျှ​ဝေ​ပေးလိုက်ပါတယ်။ ပရိသတ်​တွေကလည်း စံရတီမိုးမြင့်​လေးအတွက် အားတက်​စေမယ့်အရာ​လေး​တွေ​ရေး​ပေးခဲ့ကြပါ​နော်။

Soure….San Yati Moe Myint’s Facebook

Angella(CeleConnections)

Add a Comment

Your email address will not be published. Required fields are marked *