ကိုရို နာဗိုင်းရပ်စ် ကူးစက်ခံရ တဲ့ အမေရိကန် က အသက် အငယ်ဆုံး (၇)လသား ကေ လးငယ်

Spread the love
အမေ ရိကန်နိုင်ငံ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်က ကော့တ်နေ့ ဝတ်ဒေါ်စ်တာ (Courtney Watts Doster) ဆိုသူအမျိုးသမီးဟာ ပြီးခဲ့တဲ့ အပတ်တနင်္လာနေ့က သားငယ်လေး အန်းမတ် (Emmett) ဖျားနာနေတာကြောင့် ဆေးရုံမှာသွားပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ခုနှစ်လသားအရွယ်ပဲ ရှိသေးတဲ့ အန်းမတ်လေးမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 positive ဖြစ်နေတဲ့အကြောင်းကိုတွေ့ရှိခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ကော်တ်နေး တစ်ယောက် အန်းမတ်လေးရဲ့ ပုံတွေကို အွန်လိုင်းမှာ တင်ခဲ့ပြီး ကလေးတွေလည်း ဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိတယ် ဆိုတာကို အသိမပေးခဲ့တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေကို ဝေဖန်ပြောဆိုခဲ့ပါတယ်။

အန်းမတ်အနေနဲ့ ဘယ်ကနေ ဘယ်လိုဗိုင်းရပ်စ်ကူးသလဲဆိုတာ အဖြေရှာလို့မတွေ့သေးပေမယ့် လက်ရှိ ကော့်တ်နေး ရဲ့ မိခင်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ပြီးခဲ့တဲ့ရက်တွေက သူမအနေနဲ့ ကလေးနဲ့အနီးဆုံးမှာရှိနေခဲ့တာကြောင့် ကော့တ်နေးရဲ့ မိခင်ဆီက ကူးစက်တာဖြစ်နိုင်တယ်လို့ပဲ ကောက်ချက်ချရမလိုဖြစ်နေပါတယ်။

ကော့တ်နေးဟာ လက်ရှိ အန်းမတ် အပါအဝင် ကလေးသုံးဦးရဲ့ မိခင်ဖြစ်ပြီး အန်းမတ်အနေနဲ့ COVID-19 ဗိုင်းရပ်စ်ကနေ သက်သာလာစေမယ့် ကုထုံးတွေကို အန်းမတ်လေး ခံနိုင်မခံနိုင်ဆိုတာနဲ့ပတ်သက်ပြီးလည်းစိတ်ပူနေရပါတယ်။ ဒါပေမယ့် တောင်ကယ်ရိုလိုင်းနားကျန်းမာရေး နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (DHEC) အပြင် Prisma ကျန်းမာရေးစောင့်ရှောက်မှုဌာန တို့နဲ့ ဖုန်းပြောအပြီးမှာတော့ အန်းမတ် ကို ကျန်းမာရေးဌာနဆီခေါ်သွားခဲ့ပါတယ်။

အန်းမတ်က အဲဒီတုန်းက အဖျား ၁၀၄ ရှိနေပြီး အခြေအနေက ၅၀:၅၀ ဖြစ်နေခဲ့တာပါ။ အဖျားအရမ်းကြီးနေတဲ့အတွက် ကော့်တ်နေး လည်းစိတ်ပူရသလို ကျန်းမာရေးဝန်ထမ်းတွေကလည်း အန်းမတ်ကို သေချာကြပ်မတ်ပြီး ကြည့်ရှုခဲ့ကြပါတယ်။ အန်းမတ်အနေနဲ့ အမေရိကန်နိုင်ငံက ပထမဆုံးအကြိမ် အသက်အငယ်ဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူ ဖြစ်လာခဲ့ပါတယ်။လက်ရှိမှာတော့ အန်းမတ်က ပိုပြီးနေကောင်းလာပါပြီ။ ဒါပေမယ့် စစ်ဆေးချက်ကတော့ COVID-19 positive ပဲမို့ ကော့်တ်နေး အနေနဲ့ ကျန်တဲ့ နှစ်နှစ် နဲ့ လေးနှစ်အရွယ်ကလေးနှစ်ဦးအတွက်လည်း စိတ်ပူနေရပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ကော့်တ်နေးက ဆိုရှယ်မီဒီယာပေါ်မှာ ဗိုင်းရပ်စ်ကို ပေါ့သေးသေးမမှတ်ကြဖို့၊ ကြီးသည်ငယ်သည်မရွေး ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း တွေကိုရေးသားပြီးမျှဝေခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံ နဲ့ အီတလီနိုင်ငံတွေပြီးရင် ဗိုင်းရပ်စ်ကူးစက်မှုဒဏ် အခံရဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၅၄၀၀၀ ကျော် နှင့် သေဆုံးသူ ၇၈၄ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

Ref – Dailymail
Credit-Blacker

Add a Comment

Your email address will not be published. Required fields are marked *