COVID-19 ရောဂါပိုးကူးစက်မှုရှိမရှိ (၁၄)ရက်ကြာစောင့်ကြည့်ခံရတဲ့ မင်းသားချော ဆောင်းဂျွန်ကီ

Spread the love

ကမ္ဘာကျော် ကိုရီယားမင်းသားချော ဆောင်းဂျွန်ကီကတော့ လက်ရှိမှာ COVID-19 ရောဂါပိုးကူးစက်မှုရှိမရှိ (၁၄)ရက်ကြာစောင့်ကြည့်ခံနေရပြီလည်းဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ မတ်(၂၄)ရက်နေ့မှာတော့ တောင်ကိုရီယားနိုင်ငံလေဆိပ်ကို ကိုလံဘီယာနိုင်ငံကနေရောက်ရှိလာတာဖြစ်တာကြောင့် ကမ္ဘာတစ်လွှားစိုးရိမ်နေတဲ့ COVID-19 ရောဂါပိုးအန္တရာယ်ကြောင့် တောင်ကိုရီးယားနိုင်ငံကို ပြန်လာတာလည်းဖြစ်ပါတယ်။

ဆောင်းဂျွန်ကီ ကတော့ ကိုလံဘီယာနိုင်ငံကို Bogota ဆိုတဲ့ ဇာတ်ကားသွာရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး ထိုဇာတ်ကားအတွက် ကိုလံဘီယာကို ဇန်နဝါရီလကတည်းသွားရောက်ရိုက်ကူးနေတာဖြစ်ပြီးဇာတ်ကားတစ်ကားလုံးရဲ့ (40%) သာရိုက်ကူးပြီးစီးခဲ့တယ်လို့လည်း သိရပါတယ်။ သူဟာ ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ဇာတ်ကားရိုက်ကူးနေရင်းကနေ COVID-19 ရောဂါပိုး ပြန့်ပွားကူးစက်လာမှုအန္တရာယ်ကြောင့် မတ်လ(၂၂)ရက်နေ့ထဲက သူတို့အဖွဲ့အတွက်သီသန့်လေယာဉ်နဲ့ ပြန်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ မင်းသား ဆောင်းဂျွန်ကီရဲ့ အေဂျင်စီဖြစ်တဲ့ HISTORY D&C ဆောင်းဂျွန်ကီအနေနဲ့လက်ရှိအချိန်အထိ ကျန်းကျန်းမာမာရှိသေးကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် တောင်ကိုရီးယားထိပ်တန်းမင်းသားချော ဆောင်းဂျွန်ကီကတော့ ဇာတ်ကားရိုက်ကူးဖို့အတွက် ကိုလံဘီယာနိုင်ငံကို ထွက်ခွာခဲ့တာကြောင့် လက်ရှိမှာတော့ COVID-19 ရောဂါပိုးကူးစက်မှုရှိမရှိ စောင့်ကြည့်ခံနေရတာလည်းဖြစ်ပါတယ်။ မင်းသားဆောင်းဂျွန်ကီတစ်ယောက် ကူးစက်မခံရပါစေနဲ့ကွယ်။

Source:koreanboo.Credit -CeleGabar

Add a Comment

Your email address will not be published. Required fields are marked *