ခေတ်ပေါ်အဝတ်အစားတွေထက် မြန်မာဝတ်စုံတွေကို ပိုနှစ်သက်တဲ့ချစ်သူကြောင့် မြန်မာဆန်ဆန်လေးပဲအနေများတဲ့ ဘေဘီမောင်

Posted on

ကြည်နူးစရာကောင်းတဲ့ သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲလေးကို ပရိသတ်တွေက အရမ်းသဘောကျနေကြပါတယ်။ လက်တွဲလာတဲ့အချိန်ဟာလည်း အတိုင်းအတာတစ်ခုထိ ရှိခဲ့ပြီဖြစ်ပြီး မကြာခင်မှာလည်းရွှေလက်တွဲတော့မှာဖြစ်ပါတယ်။ နှစ်ယောက်တစ်ကမ္ဘာလေး ထူထောင်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို အမြန်ဆုံးထူထောင်နိုင်ဖို့လည်း ပရိသတ်တွေက မျှော်လင့်နေကြပါပြီ။

အောင်မြင်တဲ့လမ်းကြောင်းကိုယ်စီပေါ်မှာ အားပေးသူပရိသတ်တွေကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ နှစ်ယောက်သားဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အချစ်ကမ္ဘာလေးကို တန်ဖိုးထားကြပါတယ်။ ပုံလှလှလေးတွေ အမြဲတမ်းရိုက်ပေးတတ်တဲ့ သားဂန်းလိုချစ်သူလေးကိုပိုင်ဆိုင်ထားတဲ့ဘေဘီကတော့ တကယ်ကိုကံကောင်းသူလေးပါ။

မြန်မာဆန်ဆန်ပုံလေးတွေကို ” ခပ်လန်းလန်းထက်မြန်မာဝတ်စုံလေးနဲ့ပိုချစ်တယ်တဲ့ ” ဆိုပြီး ဘေဘီကဝေမျှခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ချစ်ဖို့ကောင်းတဲ့ဘေဘီ့ကို သားဂန်းကလည်း တန်ဖိုးထားပြီး ချစ်ပေးခဲ့ပါတယ်။ အချိန်တိုင်း ရွှင်ပြုံးနေတဲ့ ဘေဘီ့ရဲ့လျို့ဝှက်ချက်ကတော့ သားဂန်းရဲ့အချစ်တွေကြောင့်ဖြစ်မယ်ထင်ပါရဲ့ ပရိသတ်ကြီးရေ။

 

 

Happy – Cele Zone
Photo – Baby Maung

 

Leave a Reply

Your email address will not be published. Required fields are marked *