ဖေဖေနိုင်လူတောင်အရှုံးပေးသွားရလောက်အောင် မျက်ခုံး၊မျက်လုံးတွေ ကစားပြီး နာမည်ကြီး TIK TOK ကို ဆော့ပြလိုက်တဲ့သမီးချောလေးရဲ့ဗီဒီယို

Posted on

လူကြမ်းသရုပ်ဆောင် နိုင်လူကိုတော့ ပရိသတ်တွေတော်တော်များများက ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ် ကားကြီးတွေမှာ မြင်ဖူးလေ့ရှိကြမယ် ထင်ပါတယ်နော် ။ နိုင်လူက ဗီလိန်ဇာတ်ရုပ်တွေကို သဘာ ဝကျကျသရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် အားလုံးက သူ့ကိုသဘောကျနှစ်ခြိုက်ပြီး အားပေးကြ တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နိုင်လူက အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေ ဆဲ ဖြစ်သလို သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ် ။


နိုင်လူက အလုပ်နဲ့ပတ်သက်ရင် ကြိုးကြိုးစားစားလုပ်ကိုင်လေ့ရှိပြီး မိသားစုအပေါ်မှာ အိမ်ထော င် ဦး စီးကောင်းတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်နေတာ ဖြစ်ပါတယ် ။ နိုင်လူက အရမ်းကိုချစ်စ ရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ် ။ ခေတ်ဆည်း ဆာလို့ခေါ်ဝေါ်တဲ့ နိုင်လူ့ရဲ့သမီးချောလေးက အသားဖြူဖြူဖွေးဖွေး၊ ပါးဖောင်းဖောင်းကစ်ကစ် လေး တွေနဲ့ တကယ့်ကို အသည်းယားစရာလေးပဲ ဖြစ်ပါတယ် ။


အခုလည်း နိုင်လူ့ရဲ့သမီးလေးက အရမ်းနာမည်ကြီးနေတဲ့သီချင်းလေးကို မျက်လုံး၊မျက်ခုံးတွေ ပင့်ကာ ကစားပြီး အပီအပြင် Tik Tok ဆော့ပြလိုက်တာ ဖြစ်ပါတယ် ။ အခုအရွယ်လေးနဲ့တင် မျက်နှာအမူအရာလေးတွေမျိုးစုံလုပ်တတ်လွန်းတဲ့ နိုင်လူ့သမီးလေးကတော့ ဖေဖေတောင် အရှုံး ပေးရလောက်အောင်ကို အနုပညာသွေးအပြည့်ပါလာသူလေး ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် သရုပ်ဆောင်နိုင်လူရဲ့သမီးချောလေး ခေတ်ဆည်းဆာရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လ ည် မျှဝေပေးလိုက်ပါတယ်နော် ။

 

 

Source & Video Credit-Naing Lu’s Tik Tok Acc

zawgyi





 

Leave a Reply

Your email address will not be published. Required fields are marked *