မင်္ဂလာသက်တမ်း(၁၀)နှစ်ပြည့်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ကြောင်းပြောပြလာခဲ့ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

Posted on

မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေတော်တော်များများရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့စုံတွဲကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ် ။ ပြေတီဦးနဲ့ အူဝဲတို့ဇနီးမောင်နှံဟာဆိုရင် ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြသလို အကယ်ဒမီဆုတွေကိုလည်း အသီးသီးဆွတ်ခူးထားကြတာ ဖြစ်ပါတယ် ။ သားတစ်ယောက်၊ သမီးတစ်ယောက် ပိုင်ဆိုင်ထားပြီဖြစ်တဲ့ သူတို့ဇနီးမောင်နှံရဲ့ဘဝလေးက အရမ်းကိုပြီးပြည့်စုံနေတာလည်း ဖြစ်ပါတယ် ။

အခုဆိုရင်တော့ ပြေတီဦးနဲ့ အူဝဲတို့စုံတွဲလေးက မင်္ဂလာနှစ်ပတ်လည်သက်တမ်း (၁၀)နှစ်တိတိ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ (၁၀)နှစ်က ဒီလိုအချိန်မှာ ပြေတီဦးတို့ဇနီးမောင်နှံက မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပြီး အကြင်လင်မယားဘဝကို ခံယူခဲ့ကြတာ ဖြစ်ပါတယ် ။ (၁၀)နှစ်တိုင်အောင် ချစ်ခြင်းမေတ္တာတွေကိုခိုင်မာပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့တဲ့ သူတို့စုံတွဲလေးက အင်မတန်အားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။

အူဝဲကတော့ “HAPPY 10TH ANNIVERSARY 87600 HOURS TOGETHER .I LOVE YOU SO MUCH” ဆိုပြီး မင်္ဂလာပွဲက အမှတ်တရပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ပြေတီဦးကတော့ သူ့ရဲ့ Facebookစာမျက်နှာမှာ “Happy 10th Anniversary ၁၀ နှစ်ပြည့်ဆိုတော့ စိတ်ထဲမှာ ခံစားချက်က အရင်နှစ်တေနဲ့မတူပဲ ထူးထူးခြားဖြစ်နေတယ်။ပျော်နေတယ်ကြည်းနူးနေတယ်။ အလကားနေရင်းရယ်ချင်နေတယ်။ မမအူဝဲကိုတွေ့တာနဲ့စချင်နေတယ်( အခုလေးတင်ဂေါက်ရိုက်ပြီးပြန်လာတော့ တွေ့တာနဲ့ စပြီးပြီ) တကယ်တော့ ၁၀ နှစ်ဆိုတာ သူများတေနဲ့ယှဉ်ရင် နဲနေသေးပေမယ့် ခရီးတခုတော့ရောက်ခဲ့ပြီ။ဘဝလက်တွဲဖော် အဖြစ် အစစအရာရာတာဝန်ကျေတဲ့ မမအူဝဲကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်……I love you my wife” ဆိုပြီးကြည်နူးစရာအရမ်းကောင်းတဲ့ စာလေးရေးပေးခဲ့ပါတယ်။ ကဲပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

 

Swelsone News

zawgyi


 


 

 


 

 

Swelsone News

 

Leave a Reply

Your email address will not be published. Required fields are marked *