ခြေထောက်ကို ဓာတ်ပုံရိုက်ရောင်းချပြီး တစ်လကိုမြန်မာငွေ သိန်း(၈၀)ကျော်ရနေတဲ့ ကောင်မလေး
Posted on
အမေရိကန်မှ ဆေးကျောင်းသူတစ်ဦးက သူမရဲ့ကျောင်းစရိတ်နဲ့ အသုံးစရိတ်တွေကို ဖြည့်စည်းနိုင်ရန် သူမရဲ့ ခြေထောက်ပုံကို ပုံစံအစုံလုပ်ပြီး အင်တာနက်ပေါ်ဓာတ်ပုံရိုက်တင်ကာ ပုံ‌တွေကိုရောင်းချပြီး ဝင်ငွေရှာဖွေနေတာပါ။
သူမဟာ ထိုကဲ့သို့ပုံတွေရောင်းချခြင်းကနေ တစ်လကိုဒေါ်လာ ၆၀၀၀နီးပါး(မြန်မာငွေ သိန်း(၈၀)ကျော်) ရှာဖွေရရှိပြီးတော့ ထိုငွေတွေကတော့ သူမအတွက် ဂုဏ်သိက္ခာရှိရှိ ရရှိသောငွေဖြစ်ပါတယ်။သူမကိုတော့ Sweet Arches လို့
အမည်ပြောင်ပေးထားပြီးတော့ ဒီအလုပ်ကို တော့ သူမအားတဲ့အချိန်မှာ လုပ်နေပေမယ့်လည်း ဘဲ ပုံမှန်အလုပ်ဖြစ်တဲ့ ကဇာတ်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေခြင်းထက် ဝင်ငွေပိုမိုရရှိလျက်ရှိနေတာပါ။ သူမပြောတာဟာ ဒီအလုပ်တွေကနေပြီးတော့ သူမအတွက် ငွေမြန်မြန်ရရှိစေခဲ့တာလည်း ဖြစ်ပါတယ်တဲ့။
သူမက သူရဲ့ခြေထောက်ကို ထိမ်းသိမ်းပြုပြင်တာတွေနဲ့ အလှပြင်တာတွေပြုလုပ်ပြီး ပုံစံမျိုးစုံနဲ့ ဓာတ်ပုံရိုက်ပြီး ရောင်းချတာဖြစ်ပါတယ်နော်။ ထိုထဲကနေ လှပတဲ့ဓာတ်ပုံတွေကို အွန်လိုင်းအသုံးပြုများက ရွေးချယ်ဝယ်ယူကြတာပါ။
ဓာတ်ပုံတွေနဲ့ပက်သက်၍ သူမရှင်းပြတာက အချို့ဝယ်ယူသူတွေကတော့ ခြေဖဝါးကိုကြိုက်ကြတယ်၊အချို့ကလည်းခြေချောင်းပုံတွေကိုကြိုက်ပြီး အချို့လူတွေကကျပြန်တော့လည်း မတူညီတဲ့ ပုံစံအနေထားတွေနဲ့ မြင်တွေ့ရတာကို ကြိုက်ကြတယ်
လို့ပြောပါတယ်။ လူတွေက ကျွန်မခြေထောက်ကိုကြည့်ရတာကြိုက်နှစ်သက်ကြပါတယ်။ တစုံတစ်ဦးက ကျွန်မကိုပုရွက်ဆိတ်အုံနင်းပြီး ဓာတ်ပုံရိုက်ပြပါလားလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မဒါကိုမလုပ်ပါဘူး။ အဲ့ဒါမှမဟုတ်ပါဘူး ဘယ်ရှင်သန်နေတဲ့သက်ရှိမျိုးကိုမှနင်းပြီး ကျွန်မဓာတ်ပုံမရိုက်ပါဘူး။
နောက်တစ်ဦးကလည်း ကျွန်မကို ထူးထူးဆန်းဆန်းတောင်းဆိုခဲ့ဖူးပါသေးတယ်။ အဲဒါက ကျွန်မကားရဲ့အပေါ်မှာတက်ပြေးခိုင်းတာပါ။ ကျွန်မကတော့ ဒီလိုရူးသွပ်တဲ့အရာတွေကိုတော့လုံးဝကိုငြင်းပါတယ် လို့ သူမက ပြောခဲ့ပါတယ်နော်။
သူမကတော့ ထိုထူးဆန်းတဲ့ အွန်လိုင်း‌ဈေးရောင်းလုပ်ငန်းမှ တစ်နှစ်ကိုဒေါ်လာ ၇၁၀၀၀ ခန့်ရရှိတယ်လို့လည်းသိရပါတယ်နော်။ သူမဟာ ဒီလုပ်ငန်းတွေကနေပဲ သူမရဲ့ကျူရှင်လခအတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။Credit
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *