ကိုယ့်ချစ်သူကိုနိုင်အောင်မထိန်းဘဲ Club က အကမယ်ကိုရိုက်နှက်ခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)

Posted on

ဒီအဖြစ်အပျက်ကတော့ ကိုယ်ကလူပျိုလူလွတ်မဟုတ်ရင် ၊ ချစ်သူရည်းစားရှိနေတဲ့သူဖြစ်နေရင် Club တွေမှာ သွားပျော်ပါးတာမလုပ်သင့်ဘူးလို့ ပြောရလောက်အောင်ပါပဲ ။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတစ်ယောက်ဟာ Club တစ်ခုမှာ သွားပျော်ပါးရင်း စင်ပေါ်အထိတက်ကာ ခုံပေါ်မှာထိုင်ပြီး အကမယ်ရဲ့ မိမိရရဆွဲဆောင်လွန်းတဲ့အကမျိုးနဲ့ ဖျော်ဖြေပြနေတာကို သာယာနေခဲ့တာပါ ။ ထိုအချိန်မှာတော့ မမျှော်လင့်ဘဲ အဆိုပါအမျိုးသားရဲ့ ချစ်သူကောင်မလေးဟာ စင်ပေါ်အထိရောက်ရှိလာပြီး ကပြနေတဲ့အကမယ်လေးကို အားနဲ့တွန်းထုတ်ပစ်ခဲ့ပြီးနောက် ချစ်သူအမျိုးသားကိုစင်ပေါ်ကနေလက်ဆွဲပြီး ခေါ်ထုတ်သွားခဲ့ပါတယ် ။

အဆိုပါ Club ရဲ့နေရာအတိအကျကိုတော့ သိရှိရခြင်းမျိုးမရှိပေမဲ့လည်း အဆိုပါအဖြစ်အပျက် video ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးပျံနှံ့သွားခဲ့ပါသေးတယ် ။ လူအများစုကတော့ အကမယ်ဟာ သူ့အလုပ်ကိုသူလုပ်ကိုင်နေတာဖြစ်တဲ့အတွက် ယခုလိုမျိုးဆက်ဆံခံရခြင်းမျိုးနဲ့မထိုက်တန်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။

အချို့သောသူများကတော့ အဆိုပါအမျိုးသားကိုသာ အပြစ်တင်ခဲ့ကြပြီး ၊ အကမယ်ဟာ ကပြဖျော်ဖြေရုံသက်သက်သာဖြစ်ပြီး တစ်ပါးသူကိုဖောက်ပြန်အောင် လိမ်လည်လှည့်စားတာမျိုးမဟုတ်ကြောင်း အကမယ်ဖက်ကနေ ထောက်ခံပြောဆိုပေးခဲ့ပါတယ် ။ ကိုယ့်ရဲ့ချစ်သူကိုသာ နိုင်အောင်မထိန်းဘဲ အခြားသူတွေထိခိုက်နစ်နာသွားအောင် လုပ်ခဲ့တဲ့ချစ်သူမိန်းကလေးမှာလည်း ဝေဖန်မှုများခံခဲ့ရပါတယ် ။

credit

 

Leave a Reply

Your email address will not be published. Required fields are marked *