ကောင်လေးနဲ့ချိန်တွေ့မဲ့ စားသောက်ဆိုင်သို့ ဆွေးမျိုး 23 ယောက်ခေါ်လာပြီး ကျသင့်ငွေအကုန်ရှင်းခိုင်းခဲ့တဲ့ ကောင်မလေး

Posted on

တရုတ်နိုင်ငံရှိ ချမ်းသာကြွယ်ဝတဲ့ကောင်လေးတစ်ဦးအား ကောင်မလေးတစ်ဦးက ညစာစားပွဲသို့ ရည်ရွယ်ချက်ရှိရှိဖိတ်ကြားခဲ့ပြီး ကောင်မလေးဟာ ကျသင့်ငွေပေးချေပေးရန်မျှော်လင့်နေခဲ့ပေမဲ့ ကောင်လေးကငြင်းဆိုခဲ့ပါတယ်။သင့်ငွေရှင်းပေးခြင်းဟာ အထိခိုက်မခံတဲ့ခေါင်းစဉ်တစ်ခုဖြစ်နိုင်ပေမဲ့ သင်ဟာ အောင်သွယ်တော်မှတဆင့်တွေ့ဆုံခဲ့တဲ့မိန်းကလေးနှင့်သူမရဲ့ဆွေမျိုးတွေအားလုံးအတွက် များပြားတဲ့ကျသင့်ငွေတွေပေးချေပေးရန်လိုအပ်လာပါက သင်ခေါင်းရှောင်ပြီးထွက်ပြေးသင့်ပါတယ်။ကောင်မလေးဟာ ကောင်လေးရဲ့သဘောထားကြီးမှုကိုစမ်းသပ်ရန်အတွက် ရက်စွဲကိုအရင်မပြောဘဲ ကောင်လေးနဲ့blind dateလုပ်ပြီး သူမရဲ့ဆွေမျိုးများစွာကို ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ပါတယ်။

Daily Mail သတင်းစာဖော်ပြချက်အရ ကောင်မလေးဟာ သူမရဲ့ဆွေမျိုး ၂၃ ယောက်ကိုခေါ်ဆောင်သွားခဲ့ပြီး သူတို့ဟာလည်း စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နေတဲ့ညစာစားပွဲကို ပျော်ရွှင်စွာ စားသောက်ခဲ့ကြပါတယ်။ကောင်လေးရဲ့မိခင်ဟာ သူ့သားတစ်ကိုယ်တည်းဘဝဖြတ်သန်းရမှာကိုစိုးရိမ်ခဲ့တဲ့အတွက်ကြောင့် မိခင်ဖြစ်သူက တခြား blind dateတစ်ခုကို ရက်စွဲသတ်မှတ်ပေးခဲ့ပေမဲ့ သူ့အကြံအစည်မအောင်မြင်ခဲ့ပုံရပါတယ်။ကောင်မလေးက သူမရဲ့မိသားစုအတွက်ပေးဆပ်ရန် လုံလောက်တဲ့ရက်ရောမှု ရှိမရှိကိုသာ စမ်းသပ်လိုကြောင်းရှင်းပြခဲ့ပါတယ်။

အဆိုပါကောင်လေးဟာ သူမရဲ့ဆွေမျိုးတွေက ဈေးကြီးတဲ့ဟင်းလျာတွေနှင့် အရက်များစွာကိုမှာယူခဲ့တဲ့အတွက်ကြောင့် ရင်းဂစ် ၁၂,၀၀၀ ခန့်ကို ငွေပေးချေပေးဖို့ ခေါင်းရှောင်ထွက်ပြေးရန်ကြိုးစားခဲ့ပြီးနောက် သူမရဲ့အစီအစဉ်ဟာအလွန်ဆိုးရွားသွားခဲ့ပါတယ်။နောက်ပိုင်းတော့ ကောင်လေးဟာ သူနှင့်သူမဆွေမျိုးတွေရဲ့ကျသင့်ငွေကို အတူတူပေးချေရန် သဘောတူခဲ့ပါတယ်။ကောင်းပါပြီ ဒီတော့ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့တွေဘာသင်ယူနိုင်လဲဆိုရင်တော့ သင်ဟာ သင့်အဖော်ကိုငွေပေးချေပေးရန်တောင်းခံလိုပါက သူ့ကိုစောစောပြောပြပါ။လူတစ်ယောက်ကိုသူထွက်ပြေးရလောက်တဲ့အခြေအနေထိဘယ်တော့မှမလုပ်မိပါစေနဲ့။ရက်ရောမှုဆိုတာသဘာဝအားဖြင့်ပြသနိုင်တဲ့ စမ်းသပ်မှုတစ်ခုမဟုတ်ပါဘူး ။

 

Jasmine (Mckzone Daily)

Source: worldofbuzz

zawgyi

တ႐ုတ္နိုင္ငံရွိ ခ်မ္းသာႂကြယ္ဝတဲ့ေကာင္ေလးတစ္ဦးအား ေကာင္မေလးတစ္ဦးက ညစာစားပြဲသို့ ရည္ရြယ္ခ်က္ရွိရွိဖိတ္ၾကားခဲ့ၿပီး ေကာင္မေလးဟာ က်သင့္ေငြေပးေခ်ေပးရန္ေမၽွာ္လင့္ေနခဲ့ေပမဲ့ ေကာင္ေလးကျငင္းဆိုခဲ့ပါတယ္။သင့္ေငြရွင္းေပးျခင္းဟာ အထိခိုက္မခံတဲ့ေခါင္းစဥ္တစ္ခုျဖစ္နိုင္ေပမဲ့ သင္ဟာ ေအာင္သြယ္ေတာ္မွတဆင့္ေတြ႕ဆုံခဲ့တဲ့မိန္းကေလးႏွင့္သူမရဲ့ေဆြမ်ိဳးေတြအားလုံးအတြက္ မ်ားျပားတဲ့က်သင့္ေငြေတြေပးေခ်ေပးရန္လိုအပ္လာပါက သင္ေခါင္းေရွာင္ၿပီးထြက္ေျပးသင့္ပါတယ္။ေကာင္မေလးဟာ ေကာင္ေလးရဲ့သေဘာထားႀကီးမွုကိုစမ္းသပ္ရန္အတြက္ ရက္စြဲကိုအရင္မေျပာဘဲ ေကာင္ေလးနဲ႔blind dateလုပ္ၿပီး သူမရဲ့ေဆြမ်ိဳးမ်ားစြာကို ေခၚေဆာင္သြားရန္ ဆုံးျဖတ္ခဲ့ပါတယ္။

 

Daily Mail သတင္းစာေဖာ္ျပခ်က္အရ ေကာင္မေလးဟာ သူမရဲ့ေဆြမ်ိဳး ၂၃ ေယာက္ကိုေခၚေဆာင္သြားခဲ့ၿပီး သူတို့ဟာလည္း စားေကာင္းေသာက္ဖြယ္ေတြနဲ႔ျပည့္ေနတဲ့ညစာစားပြဲကို ေပ်ာ္ရႊင္စြာ စားေသာက္ခဲ့ၾကပါတယ္။ေကာင္ေလးရဲ့မိခင္ဟာ သူ႔သားတစ္ကိုယ္တည္းဘဝျဖတ္သန္းရမွာကိုစိုးရိမ္ခဲ့တဲ့အတြက္ေၾကာင့္ မိခင္ျဖစ္သူက တျခား blind dateတစ္ခုကို ရက္စြဲသတ္မွတ္ေပးခဲ့ေပမဲ့ သူ႔အႀကံအစည္မေအာင္ျမင္ခဲ့ပုံရပါတယ္။ေကာင္မေလးက သူမရဲ့မိသားစုအတြက္ေပးဆပ္ရန္ လုံေလာက္တဲ့ရက္ေရာမွု ရွိမရွိကိုသာ စမ္းသပ္လိုေၾကာင္းရွင္းျပခဲ့ပါတယ္။

 

အဆိုပါေကာင္ေလးဟာ သူမရဲ့ေဆြမ်ိဳးေတြက ေစ်းႀကီးတဲ့ဟင္းလ်ာေတြႏွင့္ အရက္မ်ားစြာကိုမွာယူခဲ့တဲ့အတြက္ေၾကာင့္ ရင္းဂစ္ ၁၂,၀၀၀ ခန႔္ကို ေငြေပးေခ်ေပးဖို့ ေခါင္းေရွာင္ထြက္ေျပးရန္ႀကိဳးစားခဲ့ၿပီးေနာက္ သူမရဲ့အစီအစဥ္ဟာအလြန္ဆိုးရြားသြားခဲ့ပါတယ္။ေနာက္ပိုင္းေတာ့ ေကာင္ေလးဟာ သူႏွင့္သူမေဆြမ်ိဳးေတြရဲ့က်သင့္ေငြကို အတူတူေပးေခ်ရန္ သေဘာတူခဲ့ပါတယ္။ေကာင္းပါၿပီ ဒီေတာ့ဒီအျဖစ္အပ်က္ကေန ကၽြန္ေတာ္တို့ေတြဘာသင္ယူနိုင္လဲဆိုရင္ေတာ့ သင္ဟာ သင့္အေဖာ္ကိုေငြေပးေခ်ေပးရန္ေတာင္းခံလိုပါက သူ႔ကိုေစာေစာေျပာျပပါ။လူတစ္ေယာက္ကိုသူထြက္ေျပးရေလာက္တဲ့အေျခအေနထိဘယ္ေတာ့မွမလုပ္မိပါေစနဲ႔။ရက္ေရာမွုဆိုတာသဘာဝအားျဖင့္ျပသနိုင္တဲ့ စမ္းသပ္မွုတစ္ခုမဟုတ္ပါဘူး ။

 

Jasmine (Mckzone Daily)

Source: worldofbuzz

Leave a Reply

Your email address will not be published. Required fields are marked *