မိဘနှစ်ပါးကိုသီတင်းကျွတ်ကန်တော့ခဲ့တဲ့သမီးငယ်လေးသဇင်ထူးမြင့် ကြော င့် ဝမ်းသာပီတိဂွမ်းဆီထိဖြစ်ခဲ့ ရတယ်ဆိုတဲ့ ဦးခင်လှိုင်

Posted on

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်၊ဟာသလူရွှင်တော်ဦးခင်လှိုင်ကတော့ အေးချမ်းသာယာတဲ့မိသား စုဘဝလေးကို သားနှစ်ယောက်၊သမီးလေးတစ်ယောက်နဲ့အတူပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ သားဖြစ်သူနေရဲနှင့်သမီးလေးသဇင်ထူးမြင့်ကတော့ ဖခင်နည်းတူအနုပညာအလုပ်တွေ ကိုလုပ် ကိုင် လျက်ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုခိုင်အမာရရှိထားနိုင်ခဲ့ပါတယ်။ ပျော်ပျော်နေထိုင်တ တ်တဲ့ဦးခင်လှိုင်တို့မိသားစုလေးကိုကြည့်ပြီး ပရိသတ်တွေကတောင်လေးစားအား ကျနေကြ ပါ တယ်။

ဦးခင်လှိုင်ကတော့သူတို့မိသားစုလေးရဲ့ပျော်ရွှင်စရာပုံရိပ်လေးတွေကို လူမှုကွန်ရက်စာ မျက်နှာ ကနေတင်ပေးလေ့ရှိပါတယ်။ လက်ရှိမှာတော့ဦးခင်လှိုင်က မြန်မာတွေရဲ့ဓလေ့ထုံစံအတိုင်း သီ တင်းကျွတ်မှာ မိဘနှစ်ပါးကိုကန်တော့တဲ့သမီးငယ်လေးသဇင်ထူးမြင့်ကြောင့် ကျေနပ်ပီတိဖြစ်နေ ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာယခုလိုပဲရေးသားဖော်ပြပေးထားခဲ့ပါတယ်။”ဒီနေ့ကတော့ အလွ န် ပဲဝမ်းသာပီတိဂွမ်းဆီထိရတဲ့နေ့လေးပေါ့ ချစ်သမီးသဲလေးကကျွန်တော်တို့နှစ်ယောက်ရဲ့ ကျန်းမာ ရေး ကိုဂရုစိုက်တတ်ပုံများကြည့်ပါအုံးဗျာ! သီတင်းကျွတ်ကန်တော့လက်ဆောင်လေး ကကျန်း မာရေးကိုအထောက်အကူပြုတဲ့ ဘရန်းစ်နဲ့ဆိုတော့သမီးလေးသတိပေးမှပဲ ကိုယ့်ကျန်းမာရေး ကို ယ် ပိုဂရုစိုက်ဖို့လိုနေပါလားလို့တွေးမိတယ်

အသက်ရလာတာနဲ့အမျှကျန်းမာဖို့ကအဓိကကျလာလို့ ကျန်းမာရေးကောင်းဖို့ကိုပဲပို မက်မော တန်ဖိုးထားတတ်လာပြီလေ ကျန်းမာနေမှကိုယ်လုပ်ချင်တာလုပ်နိုင်မှာမို့ ချစ်မိတ်ဆွေတွေလည်း ဒီကာလမှာကိုယ့်ကျန်းမာရေးကိုယ်အထူးဂရုစိုက်ကြပါအုံးဗျာ”ဆိုပြီး ရေးသားကာသူတို့ဇနီး မောင် နှံကိုရိုသေစွာကန်တော့နေတဲ့ သမီးလေးရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးထားခဲ့တာ ဖြစ်ပါ တယ်။ အဆိုပါပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးလည်းအပျော်ကူးစက်နိုင်စေဖို့ပြန်လည် ဖော် ပြပေးလိုက်ရပါတယ်။

Source:Khin Hlaing

Leave a Reply

Your email address will not be published. Required fields are marked *