လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ ကျက်သရေရှိရှိ လှနေတဲ့ ဆရာဝန် မင်းသမီး လေး” ပိုးမမှီသာ”

Posted on

ပညာရေးရော အနုပညာဘက်မှာပါ ထူးချွန်ထက်မြတ်လွန်းတဲ့ သူလေးဆိုရင်တော့ ပိုးမမှီသာကို ပြေးမြင်မိမှာ အသေအချာပါပဲနော်။Photo shooting လေးတွေကို စတင်ရိုက်ကူးရင်း ပရိသတ်အားပေးလက်ခံမှုနဲ့ အနုပညာလမ်းကြောင်းထက်ကို ရောက်ရှိလျှောက်လှမ်းလာတဲ့ သူမက မကြာသေးမီကမှ ရုံတင်ပြသခဲ့တဲ့ “ပိတောက်ကတဲ့ ဂီတ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ စိုင်းစိုင်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

 

ပိုးရဲ့ မျက်နှာလေးက ရိုးရှင်းလှပပြီး ကျက်သရေရှိတာဖြစ်လို့ လူကြီး လူငယ်မရွေး အားပေးချစ်ခင်နေတာလည်း ဖြစ်ပါတယ်။ ပိုးက လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေး ကာလမှာလည်း နိုင်ငံဝန်ထမ်း ဆရာဝန်ကြီးတွေနဲ့အတူ ပြည်သူတွေအတွက် ကူညီလုပ်ဆောင်ပေးနေတာလည်း တွေ့ရပါတယ်။ ပိုးက သူမအားလပ်တဲ့ အချိန်လေးတွေမှာတော့ ပရိသတ်တွေ အချစ်ပိုမိမယ့် ရိုးရှင်းလှပတဲ့ ပုံလေးတွေကို တင်ေပးလေ့ရှိနေတာပါ။

 

ယနေ့မှာလည်း ပိုးက အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုမျိုးကို ရရှိပိုင်ဆိုင်ထားပြီး လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ ကျက်သရေရှိရှိ လှရက်လွန်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ သူမရဲ့ ပုံလေးတွေအပြင် ” အလှမပြင်ရတာတောင်ကြာလှပြီပုံအဟောင်းလေးတွေပဲတင်နေရတယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ါတယ်နော်… ။

Source : Poe Mamhe Thar’s Fb Account

 

Leave a Reply

Your email address will not be published. Required fields are marked *